နမ့်ဆန်မြို့နယ် အမက(၃) Facility Quarantine Centre တွင် နေထိုင်သည့် နေရပ်ပြန်(၅)ဦး မိမိနေအိမ်သို့ ပြန်ခွင့်ရ

နမ့်ဆန် ဒီဇင်ဘာ ၂

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် အမက() Facility Quarantine Centre တွင် အသွားအလာကန့်သတ်စောင့်ကြည့်ခံရသည့် နေရပ်ပြန်()ဦး ယနေ့နံနက်()နာရီက မိမိနေအိမ်သို့ ပြန်လွှတ်ကာ Home  Quarantine ()ပတ်  ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

နမ့်ဆန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိပြီး နယ်ဝေးမှပြန်ရောက် လာသူများကို Facility Quarantine Centre ဖွင့်လှစ်၍ ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုခြင်းကို ဆောင်ရွက်ထားခဲ့သည်။ Facility Quarantine Centre ဖွင့်လှစ်ထားသည့် အမက()ကျောင်းမှာ နေထိုင်သည့် နေရပ်ပြန် ()ဦးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသည့် ရက်အတိုင်းနေထိုင်ပြီး ယနေ့နံနက်တွင် မိမိနေအိမ်သို့ ပြန်ခွင့်ပြုကာ  Home  Quarantine ()ပတ်   ဆက်လက်နေထိုင်သွားစေမှာဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

နမ့်ဆန်မြို့နယ်အတွင်းမှာ ပြီးခဲ့သည့် နိုဝင်ဘာလ(၂၀)ရက်နေ့မှ ယနေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၁၀)ဦး Facility Quarantine Centre ()နေရာ တွင် ကျန်းမာရေး စောင့်ကြပ်ကြည့်ရှုခြင်းခံရသူ ပေါင်း (၁၃၀)ကျော်ခန့်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

ကိုအောင်မိုး (ရွှေဖီမြေ)