ကြံခင်း ဒီဇင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ မြို့နယ်ပြည်သူဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အောက်ဆီဂျင်စက်နှင့် အလှူငွေ လှူဒါန်းခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ကြံခင်းမြို့ ပြည်သူ့ဆေးရုံရှိ သင်တန်းဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းခြင်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြု နိုင်ရန် ရည်ရွယ်ပြီး "သရဖူရွှေဆိုင်"၊ "ဇေ" မိသားစုကျောက်လုပ်ငန်း၊ "ရွှေပြည်ဝင်း" ဆန်စက်၊ "ဇေယျာဖြိုး" မိသားစုတို့မှ အောက်ဆီဂျင်စက်တစ်လုံး လျှင်ငွေကျပ် (၅၈၈၀၀၀) တန်ဖိုးရှိသော အောက်ဆီဂျင်စက် (၅) လုံးအား လှူဒါန်းခဲ့ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူရှင်(၁၄)ဦးတို့မှ စုပေါင်းကာ ငွေကျပ်(၅၈၈၀၀၀)ကျပ် တန်ဖိုးရှိ အောက်ဆီဂျင်စက်(၁)လုံးနှင့် အလှူငွေကျပ်(၁၅၂၀၀၀)ကျပ်အား ပေးအပ်လှူဒါန်းကြရာ ကြံခင်းမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးမှူး ဒေါက်တာဝင်းနိုင်နှင့် တာဝန်ရှိသူများက လက်ခံခဲ့ကြောင်းနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကာ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ကျေးဇူးတင် ဂုဏ်ပြုပါကြောင်း ပြောကြားပါသည်။
မိုးမိုး(ပြန်/ဆက်)