ရွှေသောင်ယံ ဒီဇင်ဘာ ၂
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဂျိုင်ကြီးတံတား အားပြုပြင်ရေးလုပ်ငန်းများကို ယနေ့ နံနက် (၇) နာရီမှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၎င်းတံတားမှာ အရှည်(၄၀)ပေ၊ အကျယ် (၁၅) ပေရှိသော တံတားငယ်တစ်စင်းဖြစ်ပြီး တံတား၏ ကြံ့ခိုင်ရေးအပိုင်းများကို ရွှေသောင်ယံမြို့ လမ်းဦးစီးဌာနမှ စစ်ဆေးဆောင်ရွက်ကာ ရွှေသောင်ယံ မြို့အမှတ်(၃)ရပ်ကွက်ရှိ ရွှေဟိန်းထက်ကုမ္ပဏီမှ ပြုပြင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည်သူများသွားလာရေး အဆင်ပြေစေရန် တံတားပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တံတားအပေါ် ကြမ်းခင်းနှင့် ဆွေးမည့်နေသောအပိုင်းများသာ လိုအပ်သလိုပြုပြင် ဆောင်ရွက် လျက်ရှိပြီး တစ်ရက်အတွင်း အပြီးသတ်ပြုပြင်ပေးမည်ဖြစ်ကြောင်း ပြင်ဆင်မှု ကုန်ကျစရိတ် (၁၁) သိန်းခန့်ရှိကြောင်း တံတားပြုပြင်ရေးအပိုင်းများကို တာဝန်ယူကြီးကြပ် ဆောင်ရွက်ပေးလျက် ရှိသော ရွှေဟိန်းထက် ကုမ္ပဏီရှိ ဦးထွန်းထွန်းလင်းထံမှ သိရသည်။
အဆိုပါတံတားပြုပြင်ရေး လုပ်ငန်းများအား ဆောင်ရွက်ရာတွင်ရွှေသောင်ယံမြို့ လမ်းဦးစီးဌာနမှ ဦးစီးမှူးဦးစိုးပိုင်၊ ရပ်ကွက်(၃)အုပ်ချုပ်ရေးမှူး ဦးရဲကျော်သူ၊ ရွှေဟိန်းထက်ကုမ္ပဏီမှ တာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုကိုမောင် ပြန်/ဆက်