ပလောက်မြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပုံမှန်ကာကွယ်ဆေးထိုးနှံ

ပလောက်   ဒီဇင်ဘာ  ၂

တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင်၊ ပလောက်မြို့ ၊ တိုက်နယ်ကျန်းမာရေးဌာန ၌ ယမန်နေ့ နံနက်(၈)နာရီခွဲက ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပုံမှန်ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ဆောင်ရွက်ခဲ့ သည်။

ရှေးဦးစွာ ပလောက်တိုက်နယ် ကျန်းမာရေးဝန်ထမ်းများက ဆေးထိုး/ဆေးတိုက်ရန် လာရောက် သည့် မိခင်နှင့်ကလေးငယ်များကိုယ်ဝန်ဆောင်များကို အပြင်ထွက်တိုင်း နှာခေါင်း စည်း စနစ်တကျ တပ်ဆင်စေခြင်း ၊ လက်ဆေးဆပ်ပြာနှင့်လက်ကိုစနစ်တကျဆေးကြောစေခြင်း ၊ ကိုယ် အပူချိန်တိုင်း တာပေးခြင်းများဆောင်ရွက်စေပြီး ဘက်စုံသားဖွား ဆရာမဒေါ်သန်းဌေးက မေးခိုင် ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အသက်တစ်နှစ်ခွဲနှင့် တစ်နှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိ ရသည်။

နှင်းမြူလွင်(ပလောက်ပြန်/ဆက်)