တာချီလိတ် ဒီဇင်ဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ပြည်သူများ နှာခေါင်းစည်း Mask တပ်ဆင်သွားလာကြရန်အတွက် ဌာနဆိုင်ရာများ၊ မီးသတ်၊ ကြက်ခြေနီ တပ်ဖွဲ့တို့ပူးပေါင်း၍ Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်ကပြုလုပ်ခဲ့ကြသည်။
Mask Campaign ပြုလုပ်ခြင်းကို ချစ်ကြည်ရေးတံတား(၁)(၂)ရှမ်းရိုးမကွင်းတို့တွင် အဖွဲ့များခွဲ၍ ပြုလုပ်ခဲ့ကြရာ Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask တခု ၂၀၀ ကျပ်ဖြင့် ချက်ချင်းဝယ် ချက်ချင်းတပ်စနစ်ဖြင့် ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
တာချီလိတ်မြို့တွင် နိုဝင်ဘာလ ၂၅ ရက်နေ့က ဟိုတယ်တစ်ခုမှ ဝန်ထမ်းအမျိုးသမီးတစ်ဦး ကိုဗစ် -၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ရာမှ ထိုအမျိုးသမီးနှင့်ဆက်စပ်၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဒီဇင်ဘာ ၁ ယမန်နေ့ကအထိ အတည်ပြုလူနာ(၅၀)ဦးကို စစ်ဆေးတွေ့ရှိခဲ့ရပြီး အတည်ပြု လူနာတိုးမြှင့်လာလျက်ရှိရာ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ ယခုကဲ့သို့ Mask Campaign ကို ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။
ယာဆေး(ပြန်/ဆက်)