ရေကြည်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ကွန်ပျူတာအင်တာနက်ဆိုင်ရာ သင်တန်းဖွင့်လှစ်

ရေကြည်  ဒီဇင်ဘာ ၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရေကြည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ITEC Computer Center တို့ပူးပေါင်း၍ ကျေးလက်နေ ပြည်သူများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု ကွန်ပျူတာအင်တာနက်ဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကိုင်းချောင်ကျေးရွာအုပ်စု အညာတန်း ကျေးရွာတွင် ယာယီအဆောက်အဦ တည်ဆောက်၍ သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဘိုဘိုထွန်း တက်ရောက်ပြီး သင်တန်းဖွင့် အမှာစကား ပြောကြားပေးခဲ့ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်‌မေမြတ်မိုက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး သင်တန်း ဖွင့်လှစ်ခဲ့သည်။

အဆိုပါ သင်တန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ(၂၀)ဦး တက်ရောက်လျက်ရှိကာ သင်တန်း ကာလမှာ ဒီဇင်ဘာလ (၁)ရက်‌နေ့မှ (၃၀)ရက်‌နေ့ထိ သင်ကြားပို့ချ ပေးမည်ဖြစ်ကြောင်း သိရသည်။

အောင်သူဟန် (ပြန်/ဆက်)