မိုင်းယောင်း ဒီဇင်ဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၌ အသုံးပြုနိုင်ရန်အတွက် ရှဲန်ရွက်အိမ်ဆောက်ပစ္စည်းဆိုင်က ရောဂါကာကွယ်ရေးသုံးပစ္စည်းများကို ယနေ့ နံနက်ပိုင်းက လှူဒါန်းခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းဖြစ်သော နှာခေါင်းစည်း(Mask) တစ်ဘူးလျှင် အခု(၅၀)ပါ တန်ဖိုးငွေတစ်သိန်းကျော်ရှိသည့် စုစုပေါင်း နှာခေါင်းစည်းဘူး (၅၀)ကို ရှဲန်ရွက်အိမ်ဆောက်ပစ္စည်းဆိုင်က လည်းကောင်း၊ သောက်ရေသန့် ငါးကဒ်နှင့် မုန့်တစ်ဖာကို မိဘမေတ္တာကုန်စုံဆိုင်က လည်းကောင်း ပေးအပ်လှူဒါန်းရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဝင် မြို့နယ်သူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနှင့် တပ်ဖွဲ့ဝင်များက လက်ခံခဲ့ကြောင်း သိရသည်။
ယခုအခါ မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့သည် မိုင်းယောင်းမြို့နယ်သို့ ပြည်တွင်းမှ ဝင်ရောက်လာပြီး Facility Quarantine ဝင်ရောက်သူများအား အ.လ.က(တပ်တွင်း) Quarantine Centre ၊ မိုးလုံလေလုံ အားကစားရုံ Quarantine Centre စသည့်သက်ဆိုင်ရာ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ကူညီပို့ဆောင်ပေးခြင်း၊ လမ်းဘေးဈေးသည်များအား နှာခေါင်းစည်း(Mask)များ အခမဲ့ပေးဝေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အားချာ(ပြန်/ဆက်)