ဓနုဖြူမြို့၌မီးဘေးသင့် မိသားစုဝင်များအား ကယ်ဆယ်ရေးရန်ပုံငွေနှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်

ဓနုဖြူ  ဒီဇင်ဘာ  ၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်တွင်  နိုဝင်ဘာ ၂၇ ရက်နေ့က မီးဖိုမီးကြွင်း မီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့်ခဲ့သည့်မိသားစုဝင်များအား ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က တာဝန်ရှိသူများက ကယ်ဆယ်ရေး ရန်ပုံငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူ များက မီးလောင်ကျွမ်းခဲ့သည့်နေအိမ်(၄)လုံး မီးဘေးသင့်  အိမ်ထောင်စု(၄)စုမှ လူဦးရေ(၁၆)ဦး တို့အတွက် အိမ်ဆောက် ပစ္စည်းဖိုး ရန်ပုံငွေ ၈၀၀,၀၀၀/-ကျပ်၊ ဆန်ရိက္ခာဖိုး  ၃၃,၆၀၀/-ကျပ်၊ မီးဘေးကြောင့် ဒဏ်ရာရရှိသူ(၃)ဦးအတွက် ကယ်ဆယ် ရေးရန်ပုံငွေ ၁၅၀၀၀၀/-ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း တို့ကို မီးဘေးသင့် မိသားစု ဝင်များ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)