ဓနုဖြူမြို့တွင် ၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် သင်ကြားပေးသော ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုချီမြှင့်ပွဲ ကျင်းပ

ဓနုဖြူ  ဒီဇင်ဘာ 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့တွင် ၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူချွန်စွာ အောင်မြင် ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် သင်ကြားပေးသော ဆရာဆရာမများအား ဂုဏ်ပြုဆုချီမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်()အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခန်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်လှက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးသိန်းဝင်းက ဂုဏ်ပြုစကားပြောကြားခဲ့သည်။

ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုငြိမ်းက ဂုဏ်ပြုဆုချီးမြင့်ပွဲကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ စည်းကမ်းချက် များနှင့်အညီကျင်းပနိုင်ရန် ကူညီပေးပါသော တာဝန်ရှိသူများကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားပြီး  ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ()ဦး၊ သင်ကြားပေးသော ဆရာဆရာမ (၁၁) အား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်/ဆက်)