ရွှေကူမြို့နယ်၌ ငှက်ပျောတင်ယာဉ်(၂)စီးမှ ယာဉ်မောင်း (၂)ဦးထံတွင် ကိုဗစ်−၁၉ရောဂါပိုး ထပ်မံတွေ့ရှိ

ရွှေကူ  ဒီဇင်ဘာ

ကချင်ပြည်နယ်၊ ဗန်မော်ခရိုင်ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် ကုန်တင်ယာဉ်(၅၆)စီးမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၁၀၂)ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများက ယမန်နေ့ နံနက် နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ၁၂ ဘီး ငှက်ပျောတင်ယာဉ်()စီးမှ ယာဉ်မောင်း ငါးအိုးကျေးရွာ ရွှေကညင်ရပ် နေထိုင်သော အမျိုးသား()ဦးနှင့် ဟိုပင်မြို့ မြသီတာရပ်ကွက်နေသူ ယာဉ်မောင်း အမျိုးသား ()ဦးထံတွင် ကိုဗစ်၁၉ ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါ ကိုဗစ်၁၉ရောဂါပိုး တွေ့ရှိသူ ယာဉ်မောင်း()ဦးအား ရွှေကူမြို့ လယ်ပြင်ကြီးရပ်ရှိ အိုးအိမ်ဦးစီးဌာနပိုင် ဝန်ထမ်းအိမ်ရာ တိုက်ခန်း (ယာယီဆေးကုသဆောင်)သို့  ပို့ဆောင်ထားရှိကာ ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ ၎င်းပိုးတွေ့ လူနာ()ဦးနှင့်အတူ ဆက်စပ်မှုရှိသည့် ယာဉ်နောက်လိုက်()ဦးအား ရွှေကူမြို့ အမှတ်() အခြေခံပညာ အထက်တန်းကျောင်းရှိ Facility Quarantine Centre တွင် ပို့ဆောင်ထားရှိကြောင်း သိရသည်။

ရွှေကူမြို့ အောက်လေးလမ်းဆုံ ကိုဗစ်၁၉ရောဂါ ကျန်းမာရေးပူးပေါင်း စစ်ဆေးရေးဂိတ်၌ ကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များအား RDT(Rapid Antigen Diagnostic Test Kit)ဖြင့် စစ်ဆေးရာမှ ဒီဇင်ဘာလ()ရက်နေ့အထိ ကိုဗစ်၁၉ရောဂါ ပိုးတွေ့ရှိသူ စုစုပေါင်း(၂၂)ဦးရှိပြီဖြစ်ကြောင်း၊ (၁၀)ဦးမှာ ကျန်းမာရေးပုံမှန်အတိုင်း ကောင်းမွန်ခဲ့သဖြင့် ဆေးရုံမှဆင်းခွင့်ပြုပြီး ဖြစ်ကြောင်း မြို့နယ်ကိုဗစ်၁၉ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)