တီးတိန် ဒီဇင်ဘာ ၂
ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ကိုဗစ်- ၁၉ ပိုးတွေ့လူနာ တစ်ဦးသည် ယမန်နေ့ ညနေ ၅ နာရီက ဆေးကုသမှု ခံယူရန် ရောက်ရှိကြောင်း သိရသည်။
အဆိုပါပိုးတွေ့လူနာသည် ကုန်စည်ကားမောင်းသူဖြစ်ပြီး ခိုင်ကမ်းမြို့ကျန်းမာရေးစစ်ဆေးဂိတ်တွင် စစ်ဆေးရာ ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ ရှိသူဖြစ်သည်။ ယခုအချိန်တွင် တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ အသွား/အလာ ကန့်သတ်ဆေးကုသမှုခံယူသည်။
အဆိုပါပိုးတွေ့လူနာသည် တီးတိန် မြို့နယ်၊ဗန်းတဲ့ကျေးရွာနေ အသက် (၂၄)နှစ်အရွယ် အမျိုးသားဖြစ်ကြောင်း တီးတိန်မြို့ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)