မိုးနဲ ဒီဇင်ဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့ဝင်၊မြို့ထွက်ဂိတ်တွင် စဉ်မပြတ်စစ်ဆေးဆောင်ရွက်လျက်ရှိရာ နေ့စဉ် မြို့ဝင်၊ မြို့ထွက်ဂိတ်မှ ဖြတ်သန်းသွား လာလျက်ရှိသော မော်တော်ယာဉ်များမှ ခရီးသွားပြည်သူတို့အား နှာခေါင်းစည်းများ တပ်ဆင်သွားလာရန ်အသိပညာပေးခြင်း၊ ကိုယ်ပူချိန်တိုင်းတာစစ်ဆေးခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ နေထိုင်သွားလာရေး ၊ခရီးသွား မှတ်တမ်းရယူခြင်း၊ သက်ဆိုင်ရာ ရပ်/ကျေး ထောက်ချက်ပါရှိ၊ မပါရှိစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ၊ထိန်းချုပ် ၊ကုသရေးလုပ်ငန်း ကော်မတီဝင်များ ၊ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နေ့စဉ်နံနက်(၈)နာရီမှ ည(၁၁) နာရီထိ အလှည့်ကျ တာဝန်ချစနစ်ဖြင့် စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)