စဉ့်ကိုင် ဒီဇင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ရှိ/မရှိစစ်ဆေး နိုင်ရေးဓာတ်ခွဲ နမူနာများရယူခြင်းကို ယနေ့နံနက်(၈)နာရီက သက်ဆိုင်ရာ Quarantine များ တွင် ဓာတ်ခွဲနမူနာများ ရယူ စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးလွင်က ကြီးကြပ်၍ ကျန်းမာရေးမှူးများဖြစ်ကြသော ဦးကျော်မင်းထွန်း၊ ဒေါ်မာလာသိန်း၊ ဒေါ်နီနီဝင်း၊ ဒေါ်ဇာလီမြင့်နှင့် မြို့နယ်ပရဟိတအဖွဲ့ဝင်များပူးပေါင်း၍ တအုံကျေးရွာရှိ ကွန်ပြုတာတက္ကသိုလ်(မန္တလေး)၊ ဘယ်လင်းကျေးရွာရှိ ကျောက်မိုင်း ဝန်ထိမ်းအိမ်ရာ ၊ ပလိပ် (အထက)နှင့် ဗျင်္ညားလောကျေးရွာတို့တွင် Quarantine ဝင်ရောက် နေသူ (၂၇)ဦး တို့ကို နှာခေါင်းတို့ပတ် ၊ အာခေါင်တို့ပတ် ဓာတ်ခွဲနမူနာများကို မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲဌာနသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများနှင့် ထိစပ်ခဲ့သူ (၅၉)ဦးကိုTest Kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ (၁၂) ဦး မှာ ရောဂါးပိုး တွေ့ရှိကြောင်းသိရသည်။
စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အနေဖြင့် Quarantine (၁၁) နေရာ ထားရှိပြီး ဒီဇင်ဘာလ(၁)ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါရှိ/မရှိ စောင့်ကြည့်သူဦးရေ (၃၆၉)ဦး ရောဂါပိုးတွေ့ ရှိ၍ ဆေးရုံ၌ ဆေးကုသမှုခံယူနေသူ (၁၉) ဦးနှင့် ပြန်လည်ကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့် ရရှိသူ (၃၀) ဦး ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှသိရသည်။
အောင်ပိုင်ပိုင်ကျော် (စဉ့်ကိုင်-ပြန်/ဆက်)