ပန်လုံမြို့၊ မြို့မဈေးတွင် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ

ပန်လုံ ဒီဇင်ဘာ ၂

 “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၊ မြို့မဈေးတွင် ယနေ့နံနက် ၇ နာရီအချိန်က မြို့အုပ်ချုပ်ရေးမှူး ဦးအာကာထွန်းသိန်း၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများသည် ဈေးဝယ်လာရောက်သူများ၊ ဈေးရောင်းချသူများကို နှာခေါင်းစည်း(Mask) များ အခမဲ့ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့သည်။

ယင်းသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ဈေးဆိုင်များအား သတ်မှတ်ညွှန်ကြားချက်နှင့်အညီ ရောင်းချရေး စစ်ဆေးကြပ်မတ်ခြင်း၊ ဈေးသို့လာရောက်ပါက ဈေးသည်ဈေးဝယ်များအနေဖြင့် နှာခေါင်းစည်းများတပ်ဆင်စေရေး၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ဆိုင်ရာ ညွှန်ကြားချက်များအား သိရှိလိုက်နာစေရေးကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

ပန်လုံပြန်/ဆက်