ပုသိမ် ပြည်သူ့ဆေးရုံကြီးအတွက် အလှူငွေနှင့် အာဟာရဒါနများ လှူဒါန်း

ပုသိမ် မတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးတွင် လိုအပ်လျက်ရှိသော ဆေးဝါးနှင့် ကိရိယာများ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ယခင် အမှတ်(၄) အခြေခံ ပညာအထက်တန်းကျောင်း(ပိုးကရင်) ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ လူမှုကူညီရေး အဖွဲ့က အလှူငွေကျပ် (၆၅၀,၀၀၀) (ကျပ် ခြောက်သိန်း ငါးသောင်းတိတိ) ကို ပုသိမ်မြို့ ဆေးရုံအုပ်ကြီး ဆရာကြီး ဒေါက်တာ သန်းမင်းထွဋ် (ပင်းတယမီးအိမ်ရှင်)ထံသို့ လှူဒါန်းခဲ့ကြပြီး ဆေးရုံ တက်ရောက်ကုသမှု ခံယူနေကြသော လူနာများအား အဟာရဒါနအဖြစ် ထမင်းနှင့် ဟင်းလျာများ ကျွေးမွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။

မြင့်ဟန်