တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် Mask Campaign ဆောင်ရွက်


တန့်ယန်း  ဒီဇင်ဘာ  ၃


ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အိမ်အပြင်သို့ထွတ်သူတိုင်း နှာခေါင်းစည်း Mask တပ်ဆင် သွားလာရေး အသိပညာပေးခြင်း Mask Campaign ကို ယမန်နေ့ နံနက် ၁၀ နာရီက  ဗိုလ်ချုပ်လမ်း နောင်ဖါလမ်းခွဲရှေ့၌ အရှိန်အဟုန်မြှင့်၍ ပူးပေါင်းဆောင်ရွက်ခဲ့သည်။


ထိုသို့ အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးအတွက်  ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေမိုးဦးနှင့်  မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် တားဆီးရေးကော်မတီမှ တာဝန်ရှိ ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် လမ်းညွှန်ချက်များနှင့်အညီ အိမ်ပြင်ထွတ်သူတိုင်း နှာခေါင်းစည်း Mask တပ်ဆင်သွားလာနိုင်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း မတပ်ဆင်သူများအား ဒါဏ်ငွေပေးဆောင်စေခြင်း Mask Campaign ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

     
 မင်းလွင်ဦး(ပြန်/ဆက်)