မိုင်းတုံမြို့၌ Mask တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်


မိုင်းတုံ         ဒီဇင်ဘာ        ၃


ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊မိုင်းတုံမြို့၌ Mask တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်၍ အသိပညာပေးခြင်းနှင့် Mask များအခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၆ နာရီခွဲက ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့မဈေးသို့ ဈေးရောင်းဈေးဝယ်လာသူများ၊ မြို့လယ်ပန်းခြံလမ်းဆုံမှ ဖြတ်သန်းသွားလာသူများနှင့် နောင်ပါရင် ရပ်ကွက်တွင် သွားလာလျက်ရှိသော ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် နေအိမ်တွင်နေထိုင်ကြရန်၊ နေအိမ်ပြင်ပ သို့မဖြစ်မနေ ထွက်ပါက Maskတပ်ဆင်သွားလာကြရန် အသိပညာပေးပြီး Mask(၁၀၀၀)ခုကို မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ အခမဲ့ဖြန့်ဝေပေးခဲ့သည်။ Maskအခမဲ့ဖြန့်ဝေခြင်းကို  မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦနေအောင်နှင့် ဌာနဆိုင်ရာ များ၊လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဝင်းဝင်းခိုင်း(မိုင်းတုံ၊ပြန်/ဆက်)