ချီဖွေ ဒီဇင်ဘာ ၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း ကျေးရွာအုပ်စု များရှိ မွေးကင်းစမှ အသက် နှစ်နှစ်အောက် ကလေးငယ်များကို ယမန်နေ့ နံနက် ၉ နာရီတွင် ရစ်လောခေါင်ရပ်ကွက် KBC နှစ်ခြင်းအသင်းတော် ဘုရားကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများ ထိုးနှံ ၊ တိုက်ကျွေးခြင်းကို မြို့နယ်ကျန်းမာရေးဌာန လက်ထောက်ကျန်းမာရေးမှူး ဦးအောင်လင်းနှင့်ဝန်ထမ်းများ၊ မိခင်နှင့်ကလေး အရန်သားဖွားဆရာမများက ကလေးငယ်များအတွက် အသက် (၂)လမှ (၆) လအရွယ် ကလေးများကို (ပြင်းထန်တီဗွီ၊ ငါးမျိုးစပ် ၊ ပိုလီယို (တိုက်ကျွေး၊ ထိုးနှံ)၊ ပြင်းထန်အဆုတ်ရောင်၊ ပြင်းထန် ဝမ်းပျက် ဝမ်းလျှော) စသည်တို့ ထည့်သွင်း တိုက်ကျွေးပေးပြီး၊ အသက် (၉) လနှင့် အသက် (၁၈) လအထိ ကလေးများကို (ဝက်သက် ၊ ဂျိုက်သိုး ၊ ဂျပန်ဦးနှောက်ရောင်၊ ငါးမျိုးစပ်)နှင့်အတူ အသက်အရွယ်အလိုက် ကာကွယ်ဆေးများ ထိုးနှံ၊ တိုက်ကျွေးခဲ့သည်။
အဆိုပါ ချီဖွေမြို့နယ်အတွင်း ကျေးရွာအုပ်စုများမှ ပုံမှန်ကာကွယ်ဆေးလာရောက်ထိုးနှံသည့် မိခင်နှင့် ကလေး ငယ်များအား ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် လမ်းညွှန် ချက်များနှင့်အညီ အပူချိန် တိုင်းတာခြင်း၊ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း၊ လက်သန့်ဆေးရည်များ ဖြင့် လက်သန့်စေခြင်းနှင့် လူစုလူဝေးမဖြစ်စေရန် အလှည့်ကျ ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ပြီး မြို့နယ်အမျိုးသမီးရေးရာ/ မိခင်နှင့်ကလေးဥက္ကဋ္ဌ ဒေါ်ဝင့်ဝါအောင်နှင့် အဖွဲ့ဝင်များကလာရောက် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇင်မာဝင်း(ပြန်/ဆက်)