ကန်ပက်လက်မြို့၌ ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ (DMO)ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေးအတွက် နေရာသစ် (၂)ခုအား ကွင်းဆင်းကြည့်ရှု

ကန်ပက်လက် ဒီဇင်ဘာ

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့၌ ခရီးသွားကဏ္ဍမြှင့်တင်နိုင်ရေးအတွက် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ (DMO)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က သဘာဝအခြေခံ ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေးအတွက် နေရာသစ်()ခုအား ၂၀၂၀ပြည့်နှစ် ယမန်နေ့က ကွင်းဆင်းကြည့်ရှု ခဲ့ကြသည်။

အဆိုပါနေရာသစ်()ခုမှာ ကန်ပက်လက်မြို့မှ ပလက်ဝမြို့နယ်၊ ဆမီးမြို့သို့သွာသည့် လမ်းကြောင်း အနီးပတ်ဝန်းကျင် တွင်ရှိပြီး ဒေသအခေါ် တွီလဲ(ရေကန်)နှင့် ရှီတုန်လုံ (ကမ်းပါးထက် ကျောက်ဆောင်ပေါ်ရှိ ကျောက်တုံး)တို့ဖြစ်ကြောင်း၊ တွီလဲ၏အဓိပ္ပါယ်မှာ မဲနက်နေသည့် ရေဖြစ်ပြီး ရှီတုန်လုံ၏ အဓိပ္ပါယ်မှာ အလွန်အေးသည့်နေရာ၌ရှိသည့် ကျောက်တုံးကြီး ဖြစ်ကြောင်းနှင့် ယင်းနေရာ()ခုအား ခရီးသွားကဏ္ဍမြှင့်တင်ရေးအတွက် အစီအမံများရေးဆွဲ အကောင်အထည်ဖော် နိုင်ရေးအတွက် ကွင်းဆင်းခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။

နေရာသစ်()ခုမှာ နတ်မတောင်(ခေါ်နူးသုမ်) အမျိုးသားဥယျာဉ်အတွင်း၌ရှိပြီး တောင်ဇလပ်ဖြူ၊ နီ၊ ဝါများနှင့် ကြူတံ (ပလူတံ)များ အများအပြား ပေါက်ရောက်သည့် နေရာတစ်ခုဖြစ်ကာ ခရီးသွား ပြည်သူများအား ဆွဲဆောင်နိုင်မည့် နေရာများ ဖြစ်လာစေရန် မျှော်လင့်ထားကြကြောင်း ကွင်းဆင်း ကြည့်ရှုခဲ့ကြသည့် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (DMO) ဝင်များ၏ ပြောကြားချက်အရ သိရသည်။

ကိုလိန်း(ပြန်/ဆက်)