မိုးမောက်မြို့မစျေး အတွင်း/အပြင် စျေးရောင်းသူ/စျေးဝယ်သူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ

မိုးမောက်  ဒီဇင်ဘာ

ကချင်ပြည်နယ်ဗန်းမော်ခရိုင်မိုးမောက်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက် လျက်ရှိရာ ပြည်သူများ စျေးရောင်း/ဝယ်ပါက Maskများ တပ်ဆင်ပြီး သွားလာနိုင်ရန်ရည်ရွယ်၍ မြို့မစျေး အတွင်း/အပြင် စျေးရောင်းသူ/စျေးဝယ်သူများ အတွက် ယနေ့ နံနက် နာရီခန့်က နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရှိသည်။

အဆိုပါ Maskများ ဖြန့်ဝေမှုကို မြို့နယ်ကျန်းမာရေး ဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်မေသင်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ စည်ပင်ဝန်ထမ်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေးလှုပ်ရှားမှု နှာခေါင်းစည်း(Mask)များ အခု(၁၀၀၀)ကို အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်း မိမိကစကာကွယ်ရန်တို့ကို ဆောင်ရွက် ခဲ့ကြောင်း သိရှိသည်။

လွန်းနန်းထွေး(ပြန်/ဆက်)