ကျောက်ပန်းတောင်း ဒီဇင်ဘာ ၃
ကျောက်ပန်းတောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်(၉)နာရီခွဲအချိန်က မြို့မစည်ပင်သာယာ ဈေးကြီးဝန်းကျင်တွင် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးတင်မောင်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်ကေခိုင်နှင့် ဝန်ထမ်များ စုစုပေါင်းအင်အား (၇) ဦးဖြင့် မြို့မစည်ပင်သာယာ ဈေးကြီး အရှေ့ဘက်မှနေ၍ နှာခေါင်းစည်း (Mask) အခုရေ(၃၀၀)ဖြန့်ဝေပေးခဲ့ပြီး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အရေးပါ သော အချက်များ ဖြစ်သည့် အပြင်ထွက်တိုင်း Mask တပ်ဆင်ရေး၊ မကြာခနလက်ဆေးကြောရန် မလိုအပ်ဘဲ အပြင်မထွက် ကြရန် နှင့် လိုအပ်၍အပြင် ထွက်ပါကလည်း လူစုလူဝေးရှောင်ကြဉ်ကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)