ကွန်ဟိန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

ကွန်ဟိန်း   ဇန်နဝါရီ    ၁၀

ရှမ်းပြည်နယ် (တောင်ပိုင်း)   ကွန်ဟိန်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Youth Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ ပူးပေါင်း၍ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်)ရေးသားသော  အလုပ်ဆိုတာ အင်အားပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းအား ယနေ့နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်နန်းပြည့်စန္ဒီမြင့် က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ဒေါ်ခြူးမြတ်ရွှေရည်မောင် က အလုပ်ဆိုတာ အင်အားပါ၊ အလုပ်လုပ်တဲ့နေရာမှာ စေတနာပါ ပါစေ၊ မနီလာဝင့်အောင် က အိုသော်လည်း အပယ်မခံရအောင် အလုပ်ကိုဇွဲခတ်၍လုပ်ပါ၊ ဒေါ်ရွှေစင် က အလုပ်လုပ် တဲ့နေရာမှာ ခြင်္သေ့စိတ်ထားပါ၊ အလုပ်ထဲမှာ စေတနာနဲ့ ယုံကြည်ချက်အားများအောင် ကြိုးစားပါ၊ ဒေါ်နောမိ က အလုပ်တွင်အောင် လုပ်ချင်လျှင် စိတ်ကိုအေးအေးထားနိုင်ပါစေ၊ စိတ်ထွေပြားရင် အားကမဖြစ်ဘူး၊ နန်းမွေဟွမ် က အလုပ်ဆိုတာ လူ့စိတ်ကိုရင့်ကျက်စေနိုင်ပါသည်၊ မဟေမာန်ထွေးက အလုပ်လုပ်တယ်ဆိုတာ ထွက်ပေါက် ရှာတာပါပဲ၊ အနိုင်ရမှ ဖြစ်မဲ့ပွဲဆိုတာ မိမိကိုယ်ကို မိမိပြိုင်တဲ့ပွဲ ဖြစ်ပါတယ်၊ ဒေါ်နန်းပြည့်စန္ဒီမြင့် က အလုပ်ခွင်မှာ တိုးတက်စေချင်ရင် ချွေတာသင့်တာကို ချွေတာရ ပါမယ်၊ ဒေါ်နန်းစံဟွမ်နွမ်း က မတတ်တဲ့ သူတွေအပေါ် ဆရာလုပ်ရတာ အဟုတ်မထင်နဲ့၊ ဒေါ်ဇင်မာသွယ်က စဉ်ဆက်မပြတ်အလုပ်လုပ်မှ အားကဝင်တယ်၊ ဒေါ်ထွေးထွေးခိုင် က အလုပ်လုပ်တယ်ဆိုတာ ထွက်ပေါက်ရှာတာပါပဲ၊ ဒေါ်သဲမာ က ဆုမတောင်းရဘဲ ကံကောင်းတဲ့လူသာဖြစ်ချင်ရင် စေတနာ ကောင်းထားပြီး အလုပ်လုပ်ပါ၊ ဉီးစိုင်းစွမ်ဟန်ထွန်း က အလုပ်လုပ်တဲ့နေရာမှာ သိက္ခာရှိပါစေ အစရှိသည့် ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ စာဖတ်ဝိုင်းအား ဗဟုသုတများ ဖလှယ်နိုင်စေရန် ၊ စာပေဖတ်ရှုမှုနှုန်း တိုးတက်လာစေရန်၊ အချင်းချင်းရင်းနှီးကျွမ်းဝင်မှု ရှိလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး Youth Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ စုစုပေါင်း(၁၅)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ပြည့်စန္ဒီမြင့်(ပြန်/ဆက်)