ကျိုင်းတုံ ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပညာရေးဒီဂရီကောလိပ်ဝန်း Quarantine Center ၌ အသွားအလာကန့်သတ်ထားရှိသည့် အမျိုးသမီးတစ်ဦးထံတွင် ဓာတ်ခွဲစစ်ဆေးမှုအဖြေအရ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့သည်။
အဆိုပါအတည်ပြုလူနာသည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ အဒေါ်ဖြစ်သူ၏ နေအိမ်တွင် သွားရောက်နေထိုင်ခဲ့ရာမှ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ရွှေဥဒေါင်း မော်တော်ယာဉ်လိုင်းဖြင့် ရန်ကုန်မှ ကျိုင်းတုံသို့ရောက်ရှိခဲ့ပြီး အသွားအလာကန့်သတ်ထားရှိခဲ့ရာ ဓာတ်ခွဲစစ်ဆေးမှုအဖြေအရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့၍ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
အဆိုပါအတည်ပြုလူနာနှင့်ထိတွေ့ခဲ့သူ ၅ ဦးရှိကြောင်း သိရပြီး ၎င်းတို့အား အသွားအလာ ကန့်သတ်စောင့်ကြည့်မှုများ ဆောင်ရွက်ထားကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)