မိုင်းဖြတ်၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ

မိုင်းဖြတ် ဒီဇင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  မြို့နယ်ပြည်သူကျန်းမာရေး ဦးစီး ဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့သည် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ယနေ့ နံနက် ၈နာရီအချိန်ခန့်ကစ၍ ယာယီပျံကျစျေး မြို့မစျေးနှင့် ပြည်ထောင်စုလမ်းမကြီး ပေါ်သွားလာနေကြသည့် ပြည်သူများကို    နှာခေါင်းစည်း(Mask) ၁၀၀၀ခန့်(အခမဲ့) ဖြန့်ဝေပေးခဲ့သည်။

ရှေးဦးစွာ   မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ   ဦးသက်လွင်၊ အတွင်းရေးမှူး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကျော်မျိုးဇော်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယာယီပျံကျစျေးရှိ စျေးရောင်း၊ စျေးဝယ်များကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များကို (အခမဲ့)ဝေငှပေးခြင်း အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

ဆက်လက်၍ အဆိုပါပူးပေါင်းအဖွဲ့သည် မြို့မစျေးနှင့် မြို့မစျေးရှေ့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သွားလာနေသူများကို အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ (အခမဲ့)ဝေငှပေးခဲ့ပြီး  ရောဂါကြိုတင် ကာကွယ်ရေးအတွက်   လိုက်နာဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းအသိပညာပေး ခဲ့ကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)