ရိခေါ်ဒါရ်၌ နေရပ်ပြန်လာသူ နှစ်ဦးတို့အား ရိခေါ်ဒါရ်မြို့ အထကခွဲ Facility Quarantine နေရာ၌ အသွားအလာ စောင့်ကြည့်ထားရှိ

ရိခေါ်ဒါရ် ဒီဇင်ဘာ

အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား နှစ်ဦးတို့သည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် မှတစ်ဆင့် ယမန်နေ့က ရိခေါ်ဒါရ်မြို့သို့ ရောက်ရှိလာကြပြီး အထကခွဲကျောင်းရှိ Facility Quarantine နေရာ၌ (၁၄)ရက်ကြာ အသွားအလာကန့် သတ်စောင့်ကြည့်ရန်ထားရှိ ခဲ့ကြောင်း သိရသည်။

အဆိုပါ အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူများသည် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး တို့ဖြစ်ပြီး စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့နယ်၊ တာဟန်းရပ်ကွက်နှင့် လက်ပံချောင်းကျေးရွာ၌   နေထိုင်သူများ ဖြစ်ကြပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့သို့ သွားရောက်ခဲ့ရာမှ နေရပ်ပြန်လာကြသူများ ဖြစ်ကြောင်း၊ အဆိုပါနေရပ်ပြန်လာသူ နှစ်ဦးအား ရိခေါ်ဒါရ်မြို့ ပြည်ပမှ ပြန်လာသူများ ကြိုဆိုလက်ခံရေး စခန်း၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ လဝကဌာန၊ မီးသတ်ဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များဖြင့် စစ်ဆေး လက်ခံခဲ့ခြင်းဖြစ်ပြီး၊ ၎င်း၏ကျန်းမာရေး အခြေအနေကို စစ်ဆေးဆောင်ရွက်ခဲ့ရာ လက်ရှိအခြေအနေအထိ ကျန်းမာရေး အခြေအနေ ကောင်းမွန် လျက်ရှိကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့ အထကခွဲကျောင်း Facility Quarantine Centre နေရာတွင် လက်ရှိအခြေအနေ၌ အသွားအလာ ကန့်သတ် စောင့်ကြည့်ထားရှိသူ ဦးရှိကြောင်း သိရသည်။

လာလ်ပက်လောမ် (ပက်ကာ)