ကိုဗစ် − ၁၉ ရောဂါ ပိုးတွေ့လူနာနှင့် ထိစပ်သူများ၊ သံသယလက္ခဏာရှိသူများအား စစ်ဆေးရာ (၁၁) ဦးတွင် ကိုဗစ် − ၁၉ ရောဂါ ပိုးတွေ့ရှိ

ပြင်ဦးလွင် ဒီဇင်ဘာ ၃

ပြင်ဦးလွင်မြို့ မိုးကြိုးရွာမနှင့် မိုးကြိုးကွက်သစ်မှ ပိုးတွေ့လူနာနှင့် ဆက်စပ်သည့် ထိတွေ့မှုရှိသူများအား ပထမအကြိမ် ယနေ့ စစ်ဆေးခဲ့ရာ (၉) ဦးနှင့် ရပ်ကွက်ကြီး(၈)မှ (၁) ဦး၊ တောင်ဂေါ်ရခါးစုမှ (၁)ဦး စုစုပေါင်း ကိုဗစ် − ၁၉ ရောဂါပိုးတွေ့ ရှိသူ (၁၁) ဦး ရှိကြောင်း သိရသည်။

ထိုသို့ တွေ့ရှိမှုတွင် မိုးကြိုးကွက်သစ် လက်ဖက်ရည်ဆိုင်မှ ထိစပ်မှုအများဆုံး ဖြစ်သည်ကို တွေ့ရှိရပါ သဖြင့် မိုးကြိုးရွာမ၊ မိုးကြိုး ကွက်သစ်နှင့် တောင်ဂေါ်ရခါးစုနေရာများအား ယာယီ အသွားအလာ ကန့်သတ်ရန် စီစဉ်ထားရှိကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရုံးမှ သိရသည်။

မြတ်ဆုမွန်