မန္တလေး ဇန်နဝါရီ ၁၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတို့ ပူးပေါင်းကျင်းပသော ချည်မျှင်နှင့် အထည်အလိပ် ဒီပလိုမာ ကျောင်းဆင်း လက်ရာပြပွဲနှင့် ရက်ကန်းပညာရပ်ဆိုင်ရာ ဒီဇိုင်းပြပွဲ၊ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်ကို မန္တလေးတိုင်းဒေသကြီး၊ အမရပူရ မြို့နယ်၊ မန္တလေး-စစ်ကိုင်းကားလမ်းဘေးရှိ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတွင် ဇန်နဝါရီ ၁၀ ရက် မှ ၁၁ ရက် အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်သည်။
အဆိုပါ ချည်မျှင်နှင့်အထည်အလိပ် ဒီပလိုမာကျောင်းဆင်းလက်ရာ ပြပွဲနှင့်ရက်ကန်းပညာရပ် ဆိုင်ရာ ဒီဇိုင်းပြပွဲ၊ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်ကို ဇန်နဝါရီ ၁၀ ရက် မှ ၁၁ ရက်အထိ နေ့စဉ်နံနက် ၉ နာရီ မှ ည ၈ နာရီ အထိ ကျင်းပသွားမည်ဖြစ်ပြီး ဈေးဆိုင်ခန်း(၃၀)ခန်း၊ ပြခန်း(၂)ခန်း နှင့် ရက်ကန်းပညာရှင်များ၏ စက်ရက်ကန်းဒီဇိုင်းပြိုင်ပွဲ၊ လက်ရက်ကန်း ဒီဇိုင်းပြိုင်ပွဲများ၊ ချည်မျှင်နှင့်အထည်အလိပ်ဒီပလိုမာကျောင်းဆင်းလက်ရာပြပွဲ/ပြိုင်ပွဲများ၊ ရက်ကန်း နှင့် အသက်မွေးပညာ သင်တန်းကျောင်းများမှ ကျောင်းဆင်း လက်ရာပြိုင်ပွဲများ၊ရက်ကန်းပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများနှင့် ညပိုင်းတွင် တေးဂီတဖျော်ဖြေပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ မည်သူမဆို အခမဲ့ လာရောက် လေ့လာနိုင်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)