တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသော အမျိုးသားတစ်ဦး ကျန်းမာရေးကောင်းမွန်လျက်ရှိ

တန့်ယန်း  ဒီဇင်ဘာ 

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အမှတ်()ရပ်ကွက်ရှိ Quarantine Centre မှ နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်းက Quarantine ထားရှိသူများအား တို့ဖတ် ဓါတ်ခွဲနမူနာရယူစစ်ဆေးခဲ့ရာ  မူဆယ်မြို့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဓါတ်ခွဲဌာန၏ ကျန်းမာရေးစစ်ဆေးချက်အရ အသက်(၃၅)နှစ်အရွယ် အမျိုးသားတစ်ဦး ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိခဲ့၍ မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသပေးနေရာတွင် ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လူနာသည် မန္တလေးမြို့မှ လာရောက်ခြင်းဖြစ်ပြီး ရောက်လျှင်ရောက်ခြင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးကုသရေးကော်မတီမှ တာဝန်ရှိသူတို့က အမှတ်()ရပ်ကွက်တွင်ရှိသည့် စောင်ကြည့်ရေးစခန်း၌ သီးသန့် Quarantine ထားရှိပြီး နှာခေါင်းနှင့်အာခေါင်တို့မှ တို့ဖတ် ဓါတ်ခွဲနမူနာရယူ စစ်ဆေးရာ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိခဲ့၍ မြို့နယ်ပြည်သူ့ဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်၌ ဆရာဝန် ဆရာမများက ဆေးကုသပေးနေရာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။  

 မင်းလွင်ဦး(ပြန်/ဆက်)