ကျောက်မဲ ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကိုဗစ်၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီနှင့် ခရိုင်ကြက်ခြေကြီးကြပ်မှုေကာ်မတီမှ တာဝန်ရှိသူများနှင့် ဒေသခံအလှူရှင်များက ရန်ကုန်မြို့ ကိုဗစ်၁၉ ရောဂါ တားဆီးကာကွယ်ရေးလုပ်ငန်းများ၌ စေတနာ့ဝန်ထမ်းအဖြစ် သွားရောက် ကူညီကြမည့် ကျောက်မဲမြို့မှ ကြက်ခြေနီအဖွဲ့ဝင် ၁၀ ဦးအတွက် ငွေများ ထောက်ပံ့ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောက်မဲမြို့မှ ကြက်ခြေနီတပ်ဖွဲ့ဝင်မ ၁၀ ဦးသည် ရှမ်း/မြောက်ကြက်ခြေနီ အဖွဲ့များနှင့်အတူ ရန်ကုန်မြို့ရှိ `လှိုင်´ ဆေးရုံ (ကိုဗစ်ကာကွယ်တားဆီးရေး) စင်တာတွင် တစ်လတာ ဝင်ရောက်ကူညီလုပ်ဆောင်သွားမည် ဖြစ်သည့်အတွက် မြို့နယ်ကိုယ်စားပြု သွားရောက်မည့် ၎င်းတို့အား ကျောက်မဲမြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီမှ ငွေကျပ် ၅၀၀၀၀ဝိ/-၊ ကျောက်မဲခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ငွေကျပ် ၃၂၀၀၀ဝိ/- အပါအဝင် မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာအကြီးအကဲများ စုစုပေါင်း အလှူရှင် ၁၁ ဦး တို့က ငွေကျပ် ၁၄၅၀၀၀ဝိ/- တစ်ဆယ့်လေးသိန်းခွဲ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့ကလည်း ရန်ကုန်မြို့သို့သွားမည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအတွက် ဒေသခံအလှူရှင် ၁၀ ဦးက ငွေကျပ် ၂ သိန်းကျော် ထောက်ပံ့လှူဒါန်းထားပြီး ဖြစ်ကြောင်း ကျောက်မဲမြို့နယ် ၊ ကြက်ခြေနီအသင်းခွဲ ဒုတိယ တပ်ခဲမှူး ဒေါ်လွေးဥမ္မာလှိုင်ထံမှ သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မြို့နယ်များတွင်ရှိသည့် ကြက်ခြေနီအသင်းသားများထဲမှ ၎င်းတို့၏ဆန္ဒအလျောက် စေတနာ့ ဝန်ထမ်းအဖြစ် (ကျောက်မဲမြို့မှ ၁၀ ဦးအပါအဝင်)စုစုပေါင်း ၃၇ ဦး သွားရောက် ကူညီမည်ဖြစ်ပြီး ဒီဇင်ဘာ ၅ ရက်နေ့တွင် စတင်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)