စဉ့်ကိုင် ဒီဇင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးနိုင်ရေး ဓာတ်ခွဲနမူနာ ရယူခြင်းကို ယနေ့နံနက် (၈)နာရီက သက်ဆိုင်ရာ Quarantine များတွင် ဓာတ်ခွဲနမူနာ ရယူခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ကျန်းမာရေးမှူးများဖြစ်ကြသော ဦးကျော်မင်းထွန်း၊ ဦးစောအေး၊ ဦးအောင်ကျော်သင်း၊ ဦးမင်းနောင်နှင့် မြို့နယ်ပရဟိတအဖွဲ့ဝင်များ ပူးပေါင်း၍ တအုံကျေးရွာရှိ ကွန်ပျုတာ တက္ကသိုလ် (မန္တလေး)၊ ပလိပ် (အ.ထ.က)၊ ရေခင်းကုန်း ကျေးရွာနှင့် ကျောက်မိုင်းဝန်ထမ်းအိမ်ရာတို့တွင် Quarantine ဝင်ရောက်နေသူ (၅၁) ဦးတို့ကို နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် ဓာတ်ခွဲနမူနာများ စစ်ဆေးနိုင်ရေး မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲဌာနသို့ ဓာတ်ခွဲနမူနာများ ပို့ဆောင်ထားကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများနှင့် ထိစပ်ခဲ့သူ (၅၅) ဦးကိုTest Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ (၉) ဦးမှာ ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၉) ဦးအား ဆေးကုသမှုခံယူရန်အတွက် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည့်သူ့ဆေးရုံ သီးသန့် ဆောင်တွင် ထားရှိကြောင်း သိရသည်။
ညိုညိုဝင်း(စဉ့်ကိုင် ပြန်/ဆက်)