လင်းခေးတွင် အမျိုးသားတစ်ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

လင်းခေး   ဒီဇင်ဘာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်တွင် ကိုဗစ်-၁၉ Case No.75444 လူနာနှင့် ထိတွေ့မှု ရှိခဲ့ကြသူများမှ အမျိုးသားတစ်ဦး ကိုဗစ်-၁၉ ရောဂါပိုးထပ်မံကူးစက်ခံရမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

လင်းခေးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ရန်ကုန်မှရောက်ရှိလာပြီး Quarantine Center ထားရှိသူ(၁၁)ဦးအတွင်းမှ ရောဂါပိုးတွေ့ရှိသူတစ်ဦးရှိခဲ့သည်။

အဆိုပါရောဂါပိုးတွေ့ရှိသူသည် လင်းခေးမြို့ ပြည်သူ့ဆေးရုံမှ ဆင်းခွင့်ရရှိထားသော ကိုဗစ်-၁၉ Disease Case (No.75444) နှင့်အနီးကပ် ထိတွေ့မှုရှိခဲ့သူများအား (RT-PCR) Systemဖြင့် တောင်ကြီးမြို့ PHL သို့ ပေးပို့စစ်ဆေးခဲ့ရာ ယမန်နေ့တွင် အမျိုးသားတစ်ဦး  ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံကူးစက်ခဲ့ကြောင်း သိရသည်။

ရောဂါပိုးတွေ့ရှိသူအမျိုးသားအား လင်းခေးမြို့နယ်ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင် ထားရှိကာ တာဝန်ရှိသူတို့က ဆေးကုသမှုဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း လင်းခေးမြို့နယ် ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးစီးဌာနမှ အတည်ပြုထုတ်ပြန်ထားချက်အရ သိရသည်။

စိုင်းဇော်လတ်(လင်းခေး)