ကျောက်ဆည် ဒီဇင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် နွေနှမ်းစိုက်တောင်သူများ နှမ်းစိုက်ပျိုးရာတွင် မျိုးကောင်း၊ မျိုးသန့်နှမ်းများ စိတ်ချယုံကြည်စွာ ဝယ်ယူစိုက်ပျိုးနိုင်ရေးအတွက် မကွေး (၁/၁၃) နှမ်းနက် မျိုးသန့်မျိုးပွား ဆောင်းနှမ်း များ စိုက်ပျိုးထားရာ အောင်မြင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မျိုးသန့်မျိုးပွား နှမ်းနက်မျိုးများကို ရဲဘော်ကြီးကျေးရွာအုပ်စု၊ ကွင်းအမှတ်(၂၂၇-ဂ)ကွင်းနှင့် ကလေးကျေးရွာအုပ်စုများရှိ တောင်သူ(၁၇)ဦး၊ မြေဧက(၅၀)တွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ နည်းပညာ ပံ့ပိုးမှုများဖြင့် စိုက်ပျိုးထားကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ဆင်းရတနာ(၄)နှင့် ဆင်းရတနာ(၁၂) နှမ်းဖြူမျိုးများနှင့် မကွေး(၁/၁၃) နှမ်းနက်မျိုးများကို အဓိကထား စိုက်ပျိုးကြကြောင်း သိရှိရပြီး ယခုနှစ် ဆောင်နှမ်း လျာထားစိုက်ဧက (၅၁၃၅) ဧကရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သက်မောင် (ကျောက်ဆည်)