ပြည်ကြီးတံခွန် ဒီဇင်ဘာ ၃
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ.ထ.က (၂၇) ကျောင်းတွင် ဖွင့်လှစ်ထားသော Quarantine Center မှ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း (Volunteer) များအတွက် မန္တလေးစက်မှုဇုံ စီမံခန့်ခွဲရေးကော်မတီမှ ကျန်းမာရေး အထောက် အကူပြု ပစ္စည်းများဖြစ်သော PPE ဝတ်စုံများနှင့် လက်အိတ်များ လှူဒါန်းခြင်း ယမန်နေ့မွန်းလွဲပိုင်းက ပြည်ကြီးတံခွန် မြို့နယ်ရှိ ကနောင်ခန်းမတွင် ကျင်းပပြုလုပ်သည်။
လှူဒါန်းပွဲတွင် မန္တလေးစက်မှုဇုံစီမံခန့်ခွဲရေး ကော်မတီဒုတိယဉက္ကဋ္ဌ ဦးနေဝင်း၊ အတွင်းရေးမှူး ဦးမောင်မောင်ဦးနှင့် တွဲဖက်အတွင်းရေးမှူး ဦးရဲဝင်းအောင်တို့က အ.ထ.က (၂၇) Quarantine Center အတွက် PPE ဝတ်စုံ ၂၄၀ စုံနှင့်လက်အိတ် ၁၂၀၀ အစုံတို့အား ပေးအပ်လှူဒါန်းရာ ပြည်ကြီးတံခွန်မြို့နယ် လူမှုကူညီရေးအသင်းချုပ်ဉက္ကဋ္ဌ ဦးမြင့်သိန်းနှင့်တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားသည်။
မန္တလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများပြားလာခြင်းကြောင့် ပြည်ကြီးတံခွန်မြို့နယ်၊ အ.ထ.က (၂၇) ကျောင်းရှိ ကုတင် ၂၀၀ ဆံ့ Quarantine Center အား နိုဝင်ဘာလတတိယအပတ်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများနှင့်ထိစပ်သူများအား Quarantine ဆောင်ရွက်ထားရှိ ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)