ကျိုက်လတ် ဒီဇင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ ဆေးဆိုင်နှင့် စတိုးဆိုင်များအား မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာန ဦးဆောင်သော အဖွဲ့သည် ယနေ့နံနက်(၉)နာရီခန့်က အစားအသောက်များ ဈေးကွက်တင်ခြင်းဆိုင်ရာ အမိန့်ပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုမရှိသော ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် Amanda Trading Co.,Ltd မှ Amanda Trading and Distribution Facebook Page , Aptamil Product Portfollo , Consumer Pamphlet နှင့် Aptamil Consumer Pamphlet Display at Retail Outlets များ၌ Aptamil Brand , Formulated Milk Powder များ ကြော်ငြာရောင်းချရာတွင် မြန်မာဘာသာဖြင့် အထုပ်ငယ်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြ မထားခြင်း၊ ယင်းအထုပ်ငယ်များတွင် အမှတ်တံဆိပ်စစ်ဆေးခွင့် တင်ပြမထားခြင်း၊ Aptamil Infant Formula များအား Consumer Pamphlet ဖြင့်ကြော်ငြာရာတွင် Aptamil ၏ အခြားထုတ်ကုန်များ အားထည့်သွင်းကြော်ငြာထားပြီး ''နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ဖော်စပ်ထုတ်လုပ် ထားသော အစားအသောက်များ ဈေးကွက်တင်ခြင်းဆိုင်ရာအမိန့်''ပါ ပြဌာန်းချက်များနှင့် ကိုက်ညီမှုမရှိသော ဆေးဝါးနှင့် စားသောက်ကုန် ပစ္စည်းများ ရောင်းချမှု ရှိ/မရှိကို စားသုံးသူရေးရာဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးစိုးမင်းထိုက် ဦးဆောင်၍ စည်ပင်သာယာရေး ကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန တို့မှတာဝန်ရှိသူများ လိုက်ပါသည့် အဖွဲ့သည် မြို့နယ်အတွင်းရှိ ဆေးဆိုင်နှင့်စတိုးဆိုင်များအား လှည့်လည် စစ်ဆေးခဲ့ကြသည်။
သို့ဖြစ်ပါ၍ ကျိုက်လတ်မြို့နယ်အတွင်းရှိ ဆေးဆိုင်နှင့်စတိုးဆိုင်များတွင် ''နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ ဈေးကွက်တင်ခြင်းဆိုင်ရာ အမိန့်''ပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှု မရှိသော ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ ဈေးကွက်တွင် ရောင်းချခြင်းမရှိကြောင်း သိရှိရသည်။
ရီရီမြင့် (ပြန်/ဆက်)