ရွှေသောင်ယံမြို့တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးများ ထိုးနှံ

ရွှေသောင်ယံ  ဒီဇင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ယနေ့နံနက် (၈)နာရီခွဲအချိန်မှ စတင်၍ ညနေ(၄)နာရီအထိ အသက်(၉)နှစ်မှ(၁၀)နှစ်အရွယ် မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါသားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးများ ထိုးနှံရာတွင် (၁.၉.၂၀၁၀) မှ (၃၁.၈.၂၀၁၁) ကြား မွေးဖွားသော ကလေးများသာ အကျုံးဝင်ပြီး ကလေး(၄၉)ဦးကို တစ်ဖြတ်လျှင် (၁၀)ဦးနှုန်းစီဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအတိုင်း ထိုးနှံပေးလျက်ရှိကြောင်း ရွှေသောင်ယံမြို့ ကျေးလက်ကျန်းမာရေးဌာန၊ သားဖွားဆရာမ ဒေါ်မို့မို့ဝင်းထံမှ သိရသည်။

ကိုကိုမောင် (ပြန်/ဆက်)