ဒီးမော့ဆို ဒီဇင်ဘာ ၃
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့ ညနေပိုင်းက ဒီးမော့ဆိုမြို့နယ်ရှိ လူသွားလူလာ များပြားသည့် နေရာများ၌ စိုက်ထူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ဒီးမော့ဆိုမြို့နယ် မြိုနယ်အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ NG0 အဖွဲ့အစည်း နှင့် လူမှုအသင်းအဖွဲ့တို့ ပူးပေါင်၍ မြို့နယ်အတွင်းရှိ လူသွားလူလာများပြားသည့် မြို့မဈေး၊ ငွေတောင်ဆည်အနီး၊ မြို့နယ်အားကစားကွင်းရှေ့၊ ဒေါငံခါး လမ်းဆုံ၊ ဒေါခလိုက်လင်း ကျေးရွာရှိ ဘောလုံးအားကစားကွင်း ရှေ့ နှင့် နန်းမယ်ခုံမြို့ရှိ မြို့မဈေး စသော နေရာများတွင် ၂၀၂၀ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အသိပညာပေး ဆိုင်းဘုတ်များကို စိုက်ထူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အသိပညာပေးဆိုင်းဘုတ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု မပြုလုပ်ရေး၊ အမျိုးသမီးများ အပေါ် အကြမ်းဖက်ပါက ဥပဒေအရ အရေးယူနိုင်ခြင်းနှင့် အမျိုးသမီးများအား အကြမ်းဖက်မှု ဖြစ်ပေါ်ပါက ဆက်သွယ်ဆောင်ရွက်နိုင်မည့် တယ်လီဖုန်းနံပတ်တို့ဖော်ပြပါရှိ ကြောင်း သိရသည်။
ကြီးဒဲရယ်