ဓနုဖြူ ဒီဇင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဇော်လင်းမောင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေးအသိပညာပေးလက်ကမ်းစာဆောင်များကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က မြို့အတွင်းရှိ လူစည်ကားရာနေရာများသို့ ဖြန့်ဝေခဲ့ကြောင်းသိရသည်။
အဆိုပါလက်ကမ်းစာဆောင်တွင် မီးဖိုအသုံးပြုခြင်းနှင့် ဘုရားမီး၊ အမွှေးတိုင်မီးပူဇော်လျှင် သတိပြုရမည့်အချက်များ၊ မိမိနေအိမ်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် ဆောင်ရန် ရှောင်ရန်အချက်များ၊ မီးဘေးအန္တရာယ်ကြုံတွေ့ရလျှင် ဆောင်ရွက်ရမည့်အချက်များ၊ မီးသတ်ဆေးဘူးအသုံးပြုပုံ၊ မီးလောင်မှုဖြစ်ပွားပါက ဆက်သွယ်ရမည့် အရေးပေါ် ဖုန်းနံပါတ်များစသည့် အသိပညာပေးချက်များ ပါဝင်ကြောင်းသိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)