ပန်ဆိုင်းမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နယ်လှည့်ကွင်းဆင်းဟောပြော

ပန်ဆိုင်း ဇန်နဝါရီ  ၁၀

မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်ဆိုင်း (ကြူကုတ်) မြို့၊ အခြေခံပညာ(အ.လ.က)ကျောင်းတို့ ပူးပေါင်း၍ ယနေ့ နံနက်(၁၀)နာရီ အချိန်တွင် ပန်းဆိုင်း(ကြူကုတ်)မြို့၊ အခြေခံပညာ(အ.လ.က)ကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောသည်။

ပန်ဆိုင်း(ကြူကုတ်)မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်သန်းမိုးခိုင်က ကလေးသူငယ်များသည် နိုင်ငံတော်၏ အနာဂတ်သားကောင်းရတနာများ ဖြစ်ကြကြောင်း၊ ကလေးသူငယ်များ၏ အနာဂတ်အိပ်မက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ မိဘ၊ ဆရာ၊ ဆရာများကလည်း အဖက်ဖက်မှ ကူညီပံ့ပိုးပေးရန် လိုအပ်ကြောင်း၊ အသက်မပြည့်သေးသည့် ကလေးသူငယ်များ ခိုင်းစေမှုသည် တရားဥပဒေနှင့် မညီညွတ်သည့် လုပ်ရပ်ဖြစ်ကြောင်း၊ ကလေးသူငယ်များ သိသင့်သိထိုက်သည့် ကလေးအလုပ်သမားဥပဒေ အကြောင်းအရာများနှင့် အသိပညာဗဟုသုတများကိုလည်း ကလေးသူငယ်များ သိရှိနာလည်ရန်လိုအပ်ကြောင်း  ဟောပြောသည်။

ဆက်လက်ပြီး အခြေခံပညာ (အ.လ.က)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသ ထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်၊ စာစောင်များကို  ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုကြကြောင်း သိရသည်။

သန်းမိုးခိုင်(ပြန်/ဆက်)