ငါးသိုင်းချောင်း ဒီဇင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ လူကုန်ကူးမှု တားဆီးကာကွယ်တိုက်ဖျက်ရေး အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် အသိပညာပေး ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ရေကြည်မြို့နယ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ (တပ်ဆွယ်မှူး) ရဲအုပ်ဇော်ဝင်းထွဋ် ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ ငါးသိုင်းချောင်းနယ်မြေ ရဲတပ်ဖွဲ့စခန်း နယ်ထိန်းခေါင်းဆောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ဝင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက စည်ပင်သာယာမြို့မဈေးနှင့် မြို့အဝင်ကြိုဆိုပါ၏ လမ်းဆုံနေရာများတွင် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး လက်ကမ်းစာစောင် စောင်ရေ(၂၀၀) အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို ဒေသခံပြည်သူများသို့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)