မယ်စဲ့မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပ

မယ်စဲ့     ဒီဇင်ဘာ                                      

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများအား အခန်းကဏ္ဍအသီးသီးတွင် ပိုမိုမြှင့်တင်ဆောင်ရွက်ရန်နှင့် မသန်စွမ်းသူများနှင့်ပက်သက်သော အကြောင်းအရာများကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည့် အခန်းကဏ္ဍများတွင် ပိုမိုထည့်သွင်း စဉ်းစားနိုင်ကြစေရန် ရည်ရွယ်၍ ဒီဇင်ဘာ ၃ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာကော်မတီ ဒုတိယဥက္ကဌ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက မသန်စွမ်းသူများအား သန်စွမ်းသူများကဲ့သို့ တန်းတူအခွင့်အရေးရရှိစေရန်၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာကို အလေးထားလာစေရန်နှင့် စိတ်ဓာတ်အင်အားကိုပါ မြင့်မားလာစေရန် မြင့်တင်ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် မိဘပြည်သူများအနေဖြင့် ပြည်နယ်အတွင်းရှိ မသန်စွမ်းအဖွဲ့အစည်းများနှင့် အတူလက်တွဲပူးပေါင်း၍ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာစွမ်းဆောင်ရည်နှင့် လူ့အခွင့်အရေးတို့ကို အလေးဂရုပြုဖော်ထုတ် အသိအမှတ်ပြုကာ ကြိုးပမ်းဆောင်ရွက်သွားကြရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့်  စစ်တုရင် ပြိုင်ပွဲ အသီးသီးတွင် ဆုရရှိသော မသန်စွမ်းသူများအား ကယားပြည်နယ် ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းမြင့်နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဇော်တို့က ဆုများ အသီးသီးချီးမြှင့်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ မြို့နယ်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့်  ကော်မတီဝင် များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုင်းလျှမ်း(ပြန်/ဆက်)