ကယားပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနား လွိုင်ကော်တွင် ကျင်းပ

လွိုင်ကော် ဇန်နဝါရီ ၃၀

ကယားပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဂုဏ်ထူးဆောင်ဆုရရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ တတ်စွမ်းသမျှ အသိပညာ၊ အတတ်ပညာများနှင့် ကိုယ်ကျိုးမဖက်ဘဲ မိမိတို့ကျရာကဏ္ဍတွင် ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်ခဲ့ကြသူများကို ယခုကဲ့သို့ ထိုက်ထိုက်တန်တန် ချီးမြှင့်အပ်နှင်းခြင်းဖြစ်ကြောင်း၊ ဆက်လက်၍လည်း ဒို့တာဝန်အရေး()ပါးကို ဦးထိပ်ထားပြီး ပြည်ထောင်စုစိတ်ဓာတ်အပြည့်မွေးမြူကာ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင် စည်းစည်းလုံးလုံး ဝိုင်းဝန်းဆောင်ရွက်ကြရန် အလေးအနက် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးအဖွဲ့ဝင်များက ပြည်နယ်အတွင်း လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး၊ စီမံခန့်ခွဲရေး၊ စိုက်ပျိုးမွေးမြူရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူမှုရေးကဏ္ဍများ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြ သူများနှင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ၊ သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများကို ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဂုဏ်ထူးဆောင်ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာရရှိသူများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများ၊ ဂုဏ်ထူးဆောင်ဆုတံဆိပ်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာရရှိသူများအား မြို့နယ်ခန်းမ၌ ဂုဏ်ပြုလက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံပြီး ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။

ယနေ့အခမ်းအနားတွင် စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု(၅၉)ဦး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေးဆိုင်ရာထူးချွန်ဆု(၃၇)ဦး၊ လူမှုရေးဆိုင်ရာထူးချွန်ဆု(၁၃)ဦး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာထူးချွန်ဆုရရှိသူ()ဦး၊ စိုက်ပျိုးရေးဆိုင်ရာထူးချွန်ဆုရရှိသူ()ဦးနှင့် ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခြင်းခံရသူ(၂၉၅)ဦး စုစုပေါင်း(၄၀၇)တို့အား ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)