ကျောက်ပန်းတောင်း ဒီဇင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း Quarantine Centre ဝင်ရောက်နေသူ (၉၁) ဦး အနက်၊ နိုဝင်ဘာ(၂၉)ရက်နေ့အထိ Swab နမူနာယူစစ်ဆေးရန် ကျန်ရှိသူ(၁၀)ဦးအား၊ ယမန်နေ့က RDT Test Kit ဖြင့်စစ်ဆေး ရာမှ သံဃာတော်(၁)ပါးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့သံဃာတော်မှာ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၂၇)ရက်နေ့က ရန်ကုန်(မင်္ဂလာဒုံမြို့နယ်) ကောင်းဆုဝေ ဘုန်းတော်ကြီး ကျောင်းမှ ကျောက်ပန်းတောင်းမြို့နယ် ဆူးဖြူကုန်းကျေးရွာအုပ်စု၊ ယာကြီးတော (ရှေ့) ကျေးရွာသို့ ကြွရောက်လာသည့် ဉူးပဉ္ဇင်း ဖြစ်ပြီး၊ ကျောက်ပန်းတောင်းမြို့ G.T.I Quarantine Centre ဝင်ရောက်နေသူဖြစ်၍၊ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသဖြင့် မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျှက်ရှိကြောင်းနှင့် ဉူးပဉ္ဇင်းနှင့် ထိတွေ့ဆက်စပ်မှုရှိခဲ့သူများကို စုံစမ်း ဖော်ထုတ်၍ G.T.I Quarantine Centre တွင် ထားရှိသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံ မှ သိရသည်။
နေအောင်(ပြန်/ဆက်)