သီပေါမြို့နယ် နမ့်လန်နယ်မြေမီးသတ်တပ်ဖွဲ့စခန်းတွင် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန် ပန္နရိုက် မင်္ဂလာအခမ်းအနားပြုလုပ်

သီပေါ ဒီဇင်ဘာ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊သီပေါမြို့နယ် နမ့်လန်ကျေးရွာအုပ်စု နမ့်လန်နယ်မြေ  မီးသတ်တပ်ဖွဲ့စခန်းတွင်  ၂၀၂၀၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန် ပန္နက်ရိုက် မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီအချိန်ခန့်က ဝန်ထမ်းအိမ်ရာဆောက်လုပ်မည့် မြေကွက်၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးနှင့် ဦးစိုင်းခမ်းအောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးထွန်း၊ သီပေါမြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်ထွန်းနှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များနှင့် ဒေသခံရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပြီး မင်္ဂလာအချိန်တွင် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်မည့်နေရာအား တာဝန်ရှိသူများက ပန္နက်တိုင်များစိုက်ထူ၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။

သီပေါမြို့နယ် နမ့်လန်ကျေးရွာအုပ်စု၊ နမ့်လန်နယ်မြေ မီးသတ်တပ်ဖွဲ့စခန်းမှ ဝန်ထမ်းများ နေထိုင်ရန်အတွက် ၂၀၂၀၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း  (၂၂၄.၈၅)ကို ခွင့်ပြုချထား ပေးခဲ့ပြီး RCC()ခန်းတွဲ ()ထပ်(၁၀၀၄၀၂၂') ဆောက်လုပ်သွားမည် ဖြစ်ကြောင်း၊ အဆိုပါ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းကို  ပိုင်ဟိန်းခန့်ကုမ္ပဏီကတာဝန်ယူ ဆောက်လုပ်သွားမည် ဖြစ်ကြောင်းနှင့် ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာ ရက်နေ့တွင် စတင်ဆောက်လုပ်ကာ ၂၀၂၁ခုနှစ်၊ ဇူလိုင်လကုန်တွင် အပြီးသတ်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သီပေါမြို့နယ်မီးသတ်ဦးစီး ဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)