မူဆယ် ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်စီးဆင်းမှုအခြေအနေနှင့်ပတ်သက်၍ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တာဝန်ရှိသူများ၊ မူဆယ်-နမ့်ခမ်းနယ်စပ် ကုန်သည် ကြီး များအသင်းမှ တာဝန်ရှိသူများနှင့် ဒေသခံယာဉ်မောင်းများတွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့၊ နေ့လယ် (၂)နာရီအချိန်ခန့်က မူဆယ်မြို့၊ ခရိုင်စုပေါင်းရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မူဆယ်ခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးလှိုင်စိုးသန့်က အမှာစကားပြောကြားသည်။ ဆက်လက်ပြီး လက်ရှိမူဆယ်မြို့၊ နယ်စပ်ဒေသ၌ ကုန်သွယ်စီးဆင်းမှုပို့ကုန်/သွင်းကုန်အခြေအနေများ၊ မူဆယ်မြို့၌ အချိန်ကြာ မြင့်စွာ စောင့်ဆိုင်းခြင်းနှင့်ပတ်သက်၍ ကုန်တင်ယာဉ်မောင်းများနှင့် ဒေသခံခါလီကုန်တင်ယာဉ် မောင်းများ၊ ကျွဲ၊ နွားကုန်သည်များက ကြုံတွေ့ရသည့် အခက်အခဲတင်ပြချက်အပေါ် ခရိုင်အုပ်ချုပ်ရေးမှူးက ရှင်းလင်း ဆွေးနွေး သည်။
ထို့နောက် မူဆယ်မြို့၊ နယ်စပ်ဒေသ၌ သောင်တင်နေသော ကျွဲ၊ နွားအရှင်နှင့် ပတ်သက်၍ ကြုံတွေ့နေသည့် အခြေ အနေများ၊ နှစ်နိုင်ငံကုန်သွယ်စီးဆင်းမှု ပုံမှန်စီးဆင်းပြီး ပိုမိုမြန်ဆန်လာစေရန်အတွက် ခရိုင်/မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်မှုဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိရာ ထိုသို့ဆောင်ရွက်ရာ၌ ကြုံတွေ့ ရသည့် မြေပြင်အခြေအနေများ၊ တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်မည့် ပို့ကုန်ယာဉ်များအား စနစ်တစ်ကျ ဆက်လက်ဝင်ရောက်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရမည့် အကြောင်းအရာများ၊ ပေါင်းစပ်ညှိနှိုင်းမှုအပေါ် ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းများ၊ ကုန်တင်ယာဉ်မောင်းများနှင့် ဒေသခံခါလီယာ မောင်းများ ကြုံတွေ့ နေရသည့် အခက်အခဲများတင်ပြလာမှုအပေါ် ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးဥက္ကာ၊ မြို့နယ် အုပ်ချုပ်ရေးမှူးဦးသူရိန်၊ မူဆယ်မြို့၊ (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တာဝန်ရှိသူများနှင့် တက်ရောက် လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိများနှင့် ဒေသခံယာဉ်မောင်းများအပြန်အလှန်ညှိ နှိုင်းဆွေးနွေးခဲ့ကြသည်။
ကိုဗစ်-၁၉ရောဂါဖြစ်ပွားခြင်းကြောင့် တရုတ်နိုင်ငံဘက်က ကျွဲ၊ နွားအရှင်ဝယ်ယူမှုရပ်တန့်၍ မူဆယ်မြို့၊ နယ်စပ် ဒေသ၌ ကျွဲ၊ နွားအရှင်များသောင်းချီ သောင်တင်နေပြီး ကျွဲ၊ နွားကုန်သည်များအခက်အခဲမျိုးစုံရင်ဆိုင် ကြုံတွေ့ နေရသလို နှစ်နိုင်ငံအဝင်/အထွက်ဂိတ်(မန့်ဝိန်းဂိတ်)နှင့် ကျင်စန်းကျော့ဂိတ်တို့၌ ပို့ကုန်ယာဉ် အဝင်/အထွက် ကျန့်ကြာ မှုများကြောင့် မူဆယ်မြို့နှင့်(၁၀၅)မိုင်ကြာ၊ ကျင်စန်းကျော့လမ်းကြောင်းတစ်လျှောက် တို့တွင် ကုန်တင် ယာဉ်မောင်းများအချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေကြသည်။
မူဆယ်မြို့၊ နယ်စပ်ဒေသနှင့်ပတ်သက်၍ ဆင်ပြေချောမွေ့စေရေးအတွက် မူဆယ်မြို့၊ နယ်စပ်ဒေသ အာဏာပိုင် များအနေဖြင့် တရုတ်နိုင်ငံတာဝန်ရှိသူများနှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးခြင်းနှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိများ မကြာခဏတွေ့ဆုံ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိရာ ယခင်ကိုဗစ်ရောဂါစတင်ဖြစ်ပွားသည့် ကာလထက် နှစ်နိုင်ငံကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်လာကြောင်းသိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)