အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတိုက်ဖျက်ရေး(၁၆)ရက်တာလှုပ်ရှားမှုအသိပညာပေး Campaign လုပ်ငန်းများ ဆောင်ရွက်

မိုင်းရှူး ဒီဇင်ဘာ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင် ခရိုင်၊ မိုင်းရှူးမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအသိပညာပေး Campaign လုပ်ငန်းများကို ယနေ့ နံနက်၈နာရီအချိန်ခန့်က မိုင်းရှူးမြို့ မြို့လယ်တံတား၌ ပြုလုပ်ခဲ့သည်။

အဆိုပါလှုပ်ရှားမှုတွင် လွိုင်လင်ခရိုင်၊ လွိုင်ခမ်းအမျိုးသမီးများအဖွဲ့အစည်း၏စီစဉ်မှုဖြင့် မိုင်းရှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ Fitness Danceအဖွဲ့တို့ ပူးပေါင်းပြီး အမျိုးသမီးများ အကြမ်းဖက်ခံရမှုမှ ကင်းဝေးစွာ နေထိုင်နိုင်ခွင့်ရှိရမည့် လက်ကမ်းစာစောင်များ၊ အကြမ်းဖက်မှုတိုင်း အတွက် အကြမ်းဖက်သူမှာသာ တာဝန်ရှိပါသည် ဗီနိုင်းများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ဥပဒေဖြင့် ကာကွယ်ပေး စာတန်းပါ နှာခေါင်းစည်းများ၊ အဖြူရောင်ရင်ထိုးများနှင့် စေတနာရှင်ပြည်သူများမှ လှူဒါန်းသည့် နှာခေါင်းစည်းများဖြန့်ဝေခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)