နမ္မတူ ဇန်နဝါရီ ၁၀
၂၀၁၉-၂၀၂၀ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူ မြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့ရာ ကျောင်းသား/ ကျောင်းသူလေးများက စုံညီပွဲတော် တို့နွှဲပျော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် ရှေ့ဦးစွာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အမှတ်(၃) လှုပ်ရှားစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်မြင့်က အမှာစကားပြောကြားပြီး နမ္မတူမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သူဇာအေးက ပညာရေးဆိုင်ရာ အချက်အလက်များ၊ စုံညီပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်နှင့် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/ကျောင်းသူဆုများ၊ ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူဆုများ၊ ဂုဏ်ထူးရ ဘာသာပြ ဆရာ/ဆရာမ ဆုများ၊ ကျောင်းတက်ရက်မပျက် ဆရာ/ဆရာမဆုများ၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် လူရည်ချွန်ဆုများ၊ ဘာသာရပ်ထူးချွန်ဆုများ၊ နေ့ထူးနေ့မြတ် အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူဆုများအား တာဝန်ရှိသူများက အသီးသီး ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အမှတ်(၃) လှုပ်ရှားစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်မြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းနိုင် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းသား/ ကျောင်းသူများ၊ မိဘပြည်သူများ တက်ရောက်ကြပြီး အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား /ကျောင်းသူလေးများက အကပဒေသာများဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)