ပန်ဆိုင်း ဒီဇင်ဘာ ၃
မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ ကလေးငယ်များကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ လစဉ်ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ယနေ့၊ နံနက်(၁၀)နာရီအချိန်က ပန်ဆိုင်း(ကြူကုတ်)မြို့၊ ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးခဲ့ည်။
ပန်ဆိုင်း(ကြူကုတ်)မြို့၊ မြို့ပေါ်ရပ်ကွက်များမှ အသက်(၁)နှစ်ခွဲအောက်ကလေးငယ် များအား ပုံမှန်ကာကွယ် ဆေးဖြစ်သော မေးခိုင် ၊ ဆုံဆို့ ၊ ကြက်ညှာ၊ အသည်းရောင် အသားဝါ(B)ပိုး ၊ ဦးနှောက် အမြှေးရောင် ၊ ပိုလီယိုအကြောသေ ၊ ဝက်သက် ၊ ဂျိုက်သိုး ၊ ဂျပန်ဦးနှောက် ရောင်ရောဂါ (၁၁)မျိုးအပြင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ကာကွယ်ဆေး တိုက်ကျွေးခြင်းတို့ကို မြို့ကျန်းမာရေး ဌာနမှ ဝန်ထမ်းများက ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်များမှ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်(၅၀)ဦးအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပန်ဆိုင်း(ကြူကုတ်) တိုက်နယ်ကျန်းမာရေးဌာနမှ သိရသည်။
သန်းမိုးခိုင်(ပြန်/ဆက်)