ချင်းရွှေဟော်၌ ကိုဗစ်-၁၉ အတည်ပြုလူနာနှင့်ထိတွေ့ခဲ့သူများအား Rapid Test Kit စနစ်ဖြင့်စစ်ဆေး

ချင်းရွှေဟော်     ဒီဇင်ဘာ   

ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှဝင်ရောက်လာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ အမျိုးသမီး တစ်ဦးထံမှ ဒီဇင်ဘာ()ရက်နေ့တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့ရာ ၎င်းကိုဗစ်-၁၉အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူ(၅၅)ဦးအား ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ဒေါက်တာသီဟနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ Rapid Test Kit စနစ်ဖြင့် ယနေ့ နံနက်(၁၀)နာရီအချိန်က ပြည်သူ့ဆေးရုံ၌ စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ ပထမအကြိမ် Rapid Test Kit စနစ်ဖြင့်စစ်ဆေးခဲ့ရာတွင် စစ်ဆေးချက် အဖြေအရ ထိတွေ့သူအားလုံးတွင် ရောဂါပိုးမတွေ့ရှိရကြောင်းနှင့် (၁၀)ရက်အကြာတွင် ဒုတိယအကြိမ်အဖြစ် ၎င်းတို့၏ ဓါတ်ခွဲနမူနာများအား ထပ်မံရယူပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ဆက်လက်ပေးပို့စစ်ဆေးသွားမည်ဖြစ်ကြောင်း ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီထံမှ သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)