မိုးမောက်မြို့နယ်၌ ပုံမှန်ကာကွယ်ဆေး ဆေးထိုး ဆေးတိုက်များ ဆောင်ရွက်

မိုးမောက်    ဒီဇင်ဘာ      ၃

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်း လုပ်ငန်းကို ယနေ့နံနက်(၉)နာရီမှ မွန်းလွဲ(၁)နာရီအထိ မြို့ပေါ်ရပ်ကွက်များအလိုက် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂)လမှ (၂)နှစ်အောက် ကလေးငယ်များအား အသက်အရွယ်အပိုင်းအခြားအလိုက် ပြင်းထန်အဆုတ်ရောင် ရောဂါ၊ ဝက်သက်/ဂျိုက်သိုးရောဂါ၊ ပိုလီယိုရောဂါ၊ ဝမ်းပျက်ဝမ်း လျှောရောဂါ၊ ဦးနှောက် အမြှေးရောင်ရောဂါ (ငါးမျိုးစပ် ကာကွယ်ဆေး) အသည်းရောင်အသားဝါ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခဲ့သည်။

အဆိုပါကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး ခြင်းကို ဒီဇင်ဘာလ(၂)ရက်နေ့မှ (၃)ရက်နေ့ထိဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြို့ပေါ် ကြေးနန်းရပ်ကွက်၊ အလင်းကောင်ရပ်ကွက်၊ ခါနန်ရပ်ကွက် (၃)ရပ်ကွက်မှ ကလေးငယ်(၁၆၀)ဦး ကိုယ်ဝန်ဆောင်မိခင် (၂၀)ဦးတို့ကို ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခဲ့ကြောင်း သိရသည်။

လွန်းနန်းထွေး