မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်၌ ၂၀၁၉-၂၀၂၀ ခုနှစ် မိုးစပါး စံကွက် ရိတ်သိမ်းခြင်းနှင့် ကွင်းသရုပ်ပြခြင်းကို ယမန်နေ့နံနက်ပိုင်းက လက်ဝဲကြီးအနောက်ကွင်းနှင့် ဘိုကုန်းကွင်း တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် လက်ဝဲကြီးအနောက်ကွင်းရှိ ကွင်းအမှတ် (၂၁၁) မှ တောင်သူ ဦးတင်ဆောင်၏ လယ်ကွက်ရှိ ရက်၁၁၀ စပါးမျိုးအား သင့်အဆင့် စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧက (အခြောက်) ထွက်နှုန်း ၈၇.၄၆ တင်းနှုန်း ထွက်ရှိခဲ့ပြီး ဘိုကုန်းကွင်း အမှတ် (၂၁၂)မှ တောင်သူ ဦးနန်းမင်းသန့်၏ လယ်ကွက်ရှိ ရက်၁၁၀ စပါးမျိုးအား ညံ့အဆင့် စံကွက်ရိတ်သိမ်းရာ တစ်ဧကထွက်နှုန်း (အခြောက်) ၇၉.၈၆ တင်းနှုန်း ထွက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ ပြင်ဦးလွင်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခေတ္တခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်မူ၊ မတ္တရာမြို့နယ်ဦးစီးမှူး ဒေါ်မြတ်သီတာနှင့် ဝန်ထမ်းများ၊ လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ SMU ကျေးရွာများမှ တောင်သူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။ မတ္တရာမြို့နယ်တွင် ရက် ၁၀၀ စပါးမျိုး စိုက်ဧက ၂၈၂၂၃ ဧကရှိကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)